ဆိတ်နံရိုး အာလူး

ပါဝင်ပစ္စည်းများ

ဆိတ္နံရိုး ၃၅ ကျပ်သား

အာလူး ၂၀ သား

ဒိန်ချဉ် စားပွဲဇွန်း ၅ ဇွန်း

ကြက်သွန်နီ ၂၀ သား

ကြက်သွန်ဖြူ ၁ လုံး

ချင်း စားပွဲဇွန်း ၁ ဇွန်း

ဇီယာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံစေ့ ၆ စေ့

မဆလာ ( ကုလားလေး အစိမ်းရောင် ) ၃ ထုပ်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

ငရုတ်သီးအစိမ်းမှုန့် စားပွဲဇွန်း ၂ ဇွန်းခွဲ

ဆီ

ဆား

အသားမှုန့်

ချက်ပြုတ်နည်း

၁။ ခုတ်ပြီးသားဆိတ်နံရိုးများကို သန့်စင်ပြီးရင် ဒိန်ချဉ်၊ ဆား၊ အသားမှုန့်၊ နနွင်းမှုန့်တစ်ဝက်ထည့်ပြီး နှံ့အောင်နယ်ပါ။ ဆိတ်နံရိုးများကို လုံအောင်ထုပ်ပြီး ရေခဲသေတ္တာအောက်ခန်းမှာ ၂ နာရီခန့်နှပ်ထားလိုက်ပါ။

၂။ အာလူးကို ချက်ကာနီးမှာ အခွံခွာ၊ လိုအပ်သလိုလှီးပြီးနောက် ရေဆေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ကို ညက်အောင်ပြုလုပ်ပါ။ ဇီယာနဲ့ နံနံစေ့တို့ကို မီးနွေးနွေးနဲ့ အနံ့မွှေးလာတဲ့အထိ လှော်ပါ။ ရရင်ရင် ဆုံထဲထည့်ပြီး ညက်ညက်ထောင်းပါ။

၃။ ဆိတ်နံရိုးနှပ်ချိန်စေ့ရင် ဟင်းချက်ဖို့အတွက် ဆီကို မိမိစားလိုသလောက်ထည့်ပါ။ ဆီပူရင် ကြက်သွန် ၂ မျိုး၊ ချင်း၊ ချန်ထားတဲ့ နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်များနွမ်းရင် ဆိတ်နံရိုးနဲ့ ကုလားလေးမဆလာတိုကိုဖောက်ထည့်ပြီး မီးပုံမှန်နဲ့ လုံးချက်ချက်ပါ။

၄။ လုံးချက်တာ အနံ့လည်းမွှေးပြီး အသားအရောင်ပြောင်းရင် အာလူးနဲ့ အသားနူးဖို့ ရေနွေးထည့်ကာ အဖုံးအုပ်ချက်ပါ။ ဆိတ်နံရိုးကို ဒိန်ချဉ်နဲ့နှပ်ထားတာမို့ အချိန်ကြာကြာချက်ဖို့မလိုဘဲ ကျက်ပါလိမ့်မယ်နော်။

၅။ အာလူးနဲ့ ဆိတ်နံရိုးလည်း အိလာတဲ့အချိန် ဆီပြန်ရေကျန်အနေရောက်ရင် အရသာစိတ်ကြိုက်ပြုပြင်ပြီး နောက်ဆုံးမှာ ဇီယာနဲ့ နံနံစေ့ထောင်းထားသည်တို့ကိုအုပ်လိုက်ပါ။

ဆိတ်နံရိုးကို ဒိန်ချဉ်နဲ့နှပ်ထားတာမို့ အရိုးပါနူးအိနေပါလိမ့်မယ်နော်။ ဆီပြန်ရေကျန်လေးချက်ထားတာကြောင့်လည်း မအီဘဲ မဆလာနံ့သင်းနေတဲ့ ဆိတ်နံရိုးဟင်းလျာလေးကို နှစ်သက်ကြမှာပါရှင့်။

credit – http://hklatyar.com/2019/01/05/750/

Leave a Reply

Your email address will not be published. Required fields are marked *