ပါဝင်ပစ္စည်း
ကုလားပဲ – ထမင်းစားဇွန်း ၈ ဇွန်း
အာလူး – ၂ လုံး
ခရမ်းသီး – ၁ လုံး
ပဲတောင့်ရှည် – ၄ ချောင်း
ရုံးပတီသီး – ၁၅ တောင့်
ပျဉ်းတော်သိမ်ရွက် – ၁၀ ရွက်
ကုလားလေး မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဆား – လက်ဖက်ရည်ဇွန်းတဝက်
ငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
ဂျင်း – လက်တဆစ်
ကြက်သွန်ဖြူ – ၅ မွှာ
မန်ကျည်းမှည့်ရည်အနှစ် – ထမင်းစားဇွန်း ၁ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပဲကုလားဟင်းပြုလုပ်နည်း
ကုလားပဲကိုနနွင်းနှင့်ရေထည့်ပြီး နူးလာတဲ့အထိပြုတ်ပါ။ နူးအိလာတဲ့ ကုလားပဲများကိုခြေထားပြီး ဂျင်းနဲ့ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ပြီးလျှင် အာလူး၊ ခရမ်းသီး တို့ကိုလဲ အနေတော်တုံးထားပါ။ ပဲတောင့်ရှည်ကို ၂ လက်မအရွယ်လောက်လှီးထားပြီး ရုံပီတသီးကြီးလျှင် ၂ ပိုင်းပိုင်းထားပေးပါ။ ပြီးလျှင် ဒယ်အိုးတခုထဲ ဆီထည့်အပူပေးပြီး ဆီပူလာတာနဲ့ ပျဉ်းတော်သိမ်ရွက်နဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ။ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်ကို ထည့်မွှေပါ။ ပြီးတာနဲ့ ခြေထားတဲ့ပဲများကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်ထားတာ သမသွားတာနဲ့ အာလူး၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ရုံပတီသီး တို့ကိုထည့်လုံးပါ။ လုံးပြီးတာနဲ့ငံပြာရည်၊ ဆားကိုထည့်ပါ။ သမအောင်မွှေပြီး ရေနဲ့မန်ကျည်းရည်ထည့်ပြီး အာလူးများအိလာတဲ့ အထိတည်ပေးပါ။ အာလူးများအိလာရင် အရသာပေါ့အငံမြည်းပြီ မဆလာအုပ်ပြီးတာနဲ့ မီးဖိုပေါ်မှချပြီး အနံံမွှေးမွှေး အရသာအရမ်းရှိတဲ့ ပဲကုလားဟင်းကို သုံးဆောင်နိုင်ပါပြီ။ ပဲကုလားဟင်းချက်တော့မယ်ဆိုရင် ပျဉ်းတော်သိမ်ရွက်က မပါမဖြစ်ပါပဲ။ ပဲကုလားဟင်းချက်တဲ့နေရာမှာ အငံအတွက် တစ်ချို့က ငံပြာရည်သုံးသလို ငံပြာရည်မစားတဲ့သူတွေကတော့ ဆားကိုအသုံးပြုကြပါတယ်။ ဘယ်ဟာပဲသုံသုံး အရသာမပြောင်းသွားပဲ စားကောင်းတာကြောင့် အိမ်ထမင်းဝိုင်းမှာမပါမဖြစ် ပဲကုလားဟင်းကို ဝယ်မစားပဲ ကိုယ်တိုင်ချက်စားကြရအောင်။
Credit # Ei San’s Homemade Inspiration